*ဂျပန်နိုင်ငံ သို့ ကျောင်းတက်ရောက်ရန် စာရွက်စာတမ်းကြေး (၇) သိန်း
ဝန်ဆောင်ခ အခမဲ့
ဖြင့်လျှောက်ထားပေးပါသည်။*
ဂျပန်နိုင်ငံ သို့ ကျောင်းသား ဗီဇာ လျှောက်ထားခြင်း အမေးအဖြေ
ဂျပန်နိုင်ငံသို့ ပညာတော်သင် ဖြင့် သွားရောက်လိုပါက
၁။ ကျောင်းက ဘယ်လိုမျိုးတွေခွဲထားလဲ။
ဂျပန်နိုင်ငံတွင် ကျောင်းတက်လိုပါက အမျိုးအစား (၃)မျိုးခွဲထားပါတယ်။
– အခြေခံမှ စတင်လေ့လာလိုသူများအတွက် Japanese Language School များတွင်
Pre-College Program (၁ နှစ်သင်တန်း၊ ၁နှစ် ၆လ သင်တန်း၊ ၁နှစ် ၉လ သင်တန်း၊ ၂နှစ်သင်တန်း) ဆိုပြီးရွေးချယ်နိုင်ပါတယ်။
– သင်တန်းအချိန်- မနက်ပိုင်း (၉းဝ၀ မှ ၁၂းဝ၀) ၊ နေ့လည် (၁၂းဝ၀ မှ ၃းဝ၀)
– ကျောင်းလစာ(၁) နှစ်စာ – ယန်း 640,000 မှ 840,000 (ကျောင်းလခ ခွဲသွင်းနိုင်သည်။)
– ကျောင်းရွေးချယ်နိုင်ရန် ဂျပန်နိုင်ငံ ရှိ Japanese Language School စာရင်း Link:
https://tmc-ac.com/japanese-language-school-in-japan/
– College (or) Vocational College သင်တန်းကာလ (၂) နှစ်
– ကျောင်းလစာ(၁) နှစ်စာ – ယန်း 840,000 မှ ယန်း 2,500,000 အထိ ကျောင်းပေါ်မူတည်သည်။ (ကျောင်းလခ ခွဲသွင်းနိုင်သည်။)
– ကျောင်းချိန်နေ့တဝက် ၊ အချိန်ပြည့် ကျောင်း (၂) မျိုးရှိသည်။ ဘာသာရပ်ပေါ်မူတည်သည်။
– ကျောင်းရွေးချယ်နိုင်ရန် ဂျပန်နိုင်ငံ ရှိ Japanese College စာရင်း Link:
– https://tmc-ac.com/graduate-schools/
– University သင်တန်းကာလ (၄) နှစ်၊ ဆေးပညာ (၁၂)နှစ်
– ကျောင်းလစာ(၁) နှစ်စာ – ယန်း 840,000 မှ ယန်း 2,500,000 အထိ ကျောင်းပေါ်မူတည်သည်။ (ကျောင်းလခ ခွဲသွင်းနိုင်သည်။)
– ကျောင်းချိန် အချိန်ပြည့် ကျောင်းတက်ရသည်။
– ကျောင်းရွေးချယ်နိုင်ရန် ဂျပန်နိုင်ငံ ရှိ University စာရင်း Link:
– https://tmc-ac.com/graduate-schools/
၂။ ကျောင်းတက်ဖို့ ဝင်ခွင့် လိုအပ်ပါသလား။
မည်သည့် ကျောင်းတက်ရောက်ရန် မဆို ဝင်ခွင့်ဖြေရပါတယ်။
Japanese Language School အတွက် အနည်းဆုံး JLPT N5 အောင်ရမည်။ ကျောင်းမှသတ်မှတ်သော အင်တာဗျူး ဖြေရသည်။ ( ရေးဖြေ၊ နှုတ်ဖြေ ) များသော အားဖြင့် ဝင်ခွင့်စာမေးပွဲကြေး မပေးရသော်လည်း အချို့ကျောင်းများက ကောက်ခံပါသည်။ ဝင်ခွင့်ဖြေရန် ယန်း ၁သောင်း၊ ၂သောင်း ကျောင်း ပေါ်မူတည်၍ ကွာခြားသည်။
College အတွက် JLPT N2 အနည်းဆုံး အောင်ရမည်။ ဝင်ခွင့်ဖြေရန် ယန်း ၁သောင်း၊ ၂သောင်း ကျောင်းပေါ်မူတည်၍ကွာခြားသည်။ မအောင်မချင်း ဖြေဆိုနိုင်ပြီး တစ်ခါဖြေ တစ်ခါပေးရသည်။
University အတွက် အနည်းဆုံး JLPT N2 (သို့) EJU (သို့) TOEIC 500 (သို့) TOFEL 500 လိုအပ်ပါသည်။ ဝင်ခွင့်ဖြေရန် ယန်း ၁သောင်း၊ ၂သောင်း ကျောင်းပေါ်မူတည်၍ကွာခြားသည်။ မအောင်မချင်း ဖြေဆိုနိုင်ပြီး တစ်ခါဖြေ တစ်ခါပေးရသည်။
၃။ အသက် ကန့်သတ်ထားပါသလား။
အနည်းဆုံး အသက် (၁၈) ပြည့်ရပါမည်။ ကျောင်းပေါ်မူတည်၍ (၂၇) နှစ်အထိ လက်ခံသည်။ ဘွဲ့၊ဘွဲ့လွန် အတန်းများသည် ၃၅ နှစ်အထိ လက်ခံပါသည်။
၄။ မြန်မာပြည်မှ ဆယ်တန်းအောင်မှ သွားလို့ရတာလား။
အနိမ့်ဆုံး ပညာအရည်အချင်း (၁၂) တန်းအောင်မြင်ရမည်။ ဆယ်တန်းအောင်လက်မှတ်၊ ဆယ်တန်းအမှတ်စာရင်း၊ ပထမနှစ် အမှတ်စာရင်း၊ ဒုတိယနှစ် တက်ရောက်ကြောင်းထောက်ခံစာ၊ ဘွဲ့ရ ဖြစ်ပါက နှစ်စဉ် အမှတ်စာရင်း ၊ ဘွဲ့လက်မှတ်၊ လိုအပ်ပါသည်။ ဘွဲ့လွန် အတွက်ဆိုပါက သက်ဆိုင်ရာဘာသာရပ် ပါမောက္ခ္ ထောက်ခံစာ၊ စာတန်းပြုစုထားသော စာရွက်စာတန်းများလိုအပ်သည်။
၅။ ကျောင်းနဲ့လျှောက်သင့်သော အသက်အရွယ် ဆိုပြီး သတ်မှတ်ထားပါသလား။
အဲဒိလို သတ်မှတ်ထားတာမရှိပေမယ့် အနည်းဆုံး ပထမနှစ် အောင်မြင်ပြီးသူဖြစ်ရန်၊ ကျောင်းပြီးသူဖြစ်ပါက ဘွဲ့ရပြီး (၅) နှစ်အတွင်း ရှိသူ၊ အသက် (၂၇) ထက်မကြီးသူသာလျှောက်ထားသင့်သည်။ လျှောက်လို့ရပေမယ့် ဗီဇာ စီစစ်သူ သဘောမကျသော အချက်တွေ မဖြစ်စေရန် ကြိုတင်ပြင်ဆင်သင့်သည်။
၆။ အကယ်၍ အလုပ်ဖြင့် ပြန်လာသူ များကျောင်းဗီဇာဖြင့် ပြန်ထွက်နိုင်ပါသလား။
မရပါဘူး။ အလုပ်ဖြင့် နောက်တကြိမ်ပြန်ထွက်လို့ရပါတယ်။ အခုနောက်ပိုင်း Tokutei Visa ဖြင့် လျှောက်ထားနိုင်ပါသည်။ လိုအပ်တဲ့ စာမေးပွဲတွေ ဖြေပြီး အောင်မြင်ဖို့ လိုပါတယ်။
ဖြေဆိုနိုင်သော စာမေးပွဲ Link :
၇။ မြန်မာပြည် မှ ပထမနှစ် အောင်မြင်ထားသည်။ (သို့) ဘွဲ့ရ အသက် (၂၇) ကျော်နေသူ ဂျပန်နိုင်ငံ တွင် ကျောင်းဗီဇာဖြင့် သွားတက်လို့ရပါသလား။
ရပါတယ်။ အခြေအနေ တစ်ခုအနေနဲ့ အနည်းဆုံး JLPT N2 (သို့ ) EJU (သို့) TOEIC အမှတ်ဖြင့် College ကို တိုက်ရိုက် တက်ရောက်နိုင်ပါသည်။ University တက်ရောက်လိုပါက Undergraduate အတွက် BA (or) B.Sc အောင်မြင်ပြီးလက်မှတ် လိုအပ်ပါသည်။ Degree အတွက် MSC (or) MA အောင်မြင်ပြီး လက်မှတ် လိုအပ်ပါသည်။
၈။ Scholarship Program ကို Language School သမားတွေ အတွက်လျှောက်ထားနိုင်ပါသလား။
ဂျပန်ရောက်ပြီး ၆ လအကြာ တွင် ကျောင်းတက်မှန် ဆု၊ အခြား Scholar တွေကျောင်းကပေးပါတယ်။ ဂျပန်မရောက်ခင် Scholar ဖြင့် လျှောက်လိုပါက JLPT N3 အောင် ဆို Scholar အနေဖြင့် ကျောင်းလခ လျှော့ပေးတဲ့ ကျောင်းတွေရှိပါတယ်။ နောက်တမျိုးက အစိုးရ ၊ ပုဂ္ဂ္ဂလိက Scholarship တွေ ရှိပါတယ်။
လျှောက်ထားလိုပါက လျှောက်ထားရန် ပြင်ဆင်ပေးပါတယ်။
၉။ အလုပ် နဲ့ တွဲပြီး ကျောင်းတက်ရတဲ့ ပုံစံမျိုးနဲ့သွားချင်ပါတယ်။ ရပါသလား။
ရပါတယ်။ သတင်းစာပို့ အလုပ်ကျောင်း၊ သူနာပြု အကူအလုပ် နှင့် ကျောင်း၊ နေ့ကလေးထိန်းကျောင်း အလုပ်နဲ့ ကျောင်း ဆိုပြီးရွေးချယ်လို့ရပါတယ်။
၁၀။ အကယ်၍ Reject ထိပြီးသူ ဖြစ်ပါက မည်သို့ ဆက်လုပ်ရပါမလဲ။
ယခင်လျှောက်ခဲ့သော Agency တွင် ပြန်လျှောက်နိုင်သလို Agency ပြောင်းလျှောက်လို့ရပါတယ်။ စာရွက်စာတမ်း အသေအချာ ပြန်ရေးတင်ရပါမယ်။ ပထမ Reject ကိုပြန်ရှင်းပြပြီး အမှားမပါဖို့ ပြန်လည်ပြင်ဆင်ရပါမယ်။ ပထမနှစ် ဖြင့် လွဲချော်မှု့ ရှိပါက ဒုတိယ အကြိမ် Reject ထိနိုင်ပါသည်။
၁၁။ Reject ထိပါက ဘယ်လောက်ကြာမှ ပြန်လျှောက်လို့ရပါသလဲ။
Reject ထိပါက (၂) နှစ် စောင့်ရန်လိုအပ်ပါသည်။ ချက်ချင်း လျှောက်ပါက Reject ထိရန် အခွင့်အရေးများပါသည်။
၁၂။ ဘယ်မှာ Reject ထိတာများပါသလဲ။
ပိုင်ဆို်မှု၊ Sponsor ရဲ့ ဘဏ်စာရင်း ယုံကြည်မှု မရှိခြင်း၊ ကျောင်းလခ (၂) နှစ်စာအတွက် လုံလောက်ငွေမရှိခြင်း၊ ကျောင်းလျှောက်ထားစဉ် ရှိသော ငွေamount ကွာခြားသွားခြင်း စတဲ့ အချက်အလက်တွေ အပေါ်မှာ အများဆုံး ထိပါတယ်။
၁၃။ Reject မထိအောင် ဘယ်လိုပြင်ဆင်သင့်လဲ။
ကျောင်းလခ၊ နေထိုင်စားသောက်စရိတ် (၁) နှစ်စာ အတွက် လုံလောက်တဲ့ငွေပမာဏ ရှိရပါမယ်။ ကျောင်း ဗီဇာ မရသေးခင် ဘဏ်မှ ငွေထုပ်ခြင်း မပြုလုပ်ရပါဘူး။ (၃)လထည့်ထားရပါမယ်။
၁၄။ ကျောင်းလျှောက်ထားရန် အသေးစိတ်လိုအပ်ချက်ကို ရှင်းပြပေးပါ။
ကျောင်းလျှောက်ထားသူ လိုအပ်ချက်.
(၁) မွေးစာရင်း
(၂) မှတ်ပုံတင်
(၃) သန်းခေါင်စာရင်း
(၄) ဆယ်တန်း အမှတ်စာရင်း
(၅) ဆယ်တန်းအောင်လက်မှတ်
(၆) ဘွဲ့ (နှစ်စဉ်) အမှတ်စာရင်း
(၇) ဘွဲ့လက်မှတ်
(၈) တက်ရောက်ဆဲဖြစ်ပါက ထောက်ခံစာ
(၉) အလုပ်လုပ်နေသူဖြစ်ပါက အလုပ်ထောက်ခံစာ
(၁၀) ဂျပန်စာ အရည်အချင်းအောင်လက်မှတ် ၊ အမှတ်စာရင်း
(၁၁) ဂျပန်ဘာသာ စကားတက်ရောက်သော ကျောင်း၏ အောင်လက်မှတ်
(၁၂) ကျန်းမာရေး ဆေးစစ်ချက်
Sponsor လိုအပ်ချက်
(၁) မှတ်ပုံတင်
(၂) သန်းခေါင်စာရင်း
(၃) တော်ဆက်ပုံ
(၄) ကိုယ်ပိုင်လုပ်ငန်း ဖြစ်ပါက company လိုင်စင် Form 6, 26 (သို့) ဝန်ထမ်းဖြစ်ပါက ထောက်ခံစာ
(၅) ဝင်ငွေခွန် (၃) နှစ်စာ
(၆) Bank Book Copy
(၇) Bank Statement
(၈) Bank Certificate
၁၅။ ကျောင်းလျှောက်ထားပေးပါသလား။
PSJLS မှ ၂၀၁၄ ခုနှစ် မှ ယခုအထိ ဂျပန်နိုင်ငံ Tokyo, Chiba, Osaka, Kyoto, Shizuoka, Fukuoka, Kofu ရှိ ဂျပန် Language School များသို့လျှောက်ထားပေးပါသည်။ Language School, College, University , Scholarship Program များကိုလျှောက်ထားပေးပါသည်။ COE 100% အောင်မြင်ခဲ့ပြီး အသေးစိတ် Result များကို နှစ်အလိုက်သိလိုပါက website Link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
TMKJLS
TMKJLS
၁၆။ အလုပ်နဲ့သွားချင်ရင်ရောလျှောက်ပေးပါသလား။
လျှောက်ထားပေးပါတယ်။ ၂၀၁၅ ခုနှစ်မှ စ၍ အင်ဂျင်နီယာ အလုပ်ဖြင့် ချိတ်ဆက်ပေးခဲ့ပါသည်။ ယခု အခါ Training Visa, Tokutei Visa, Work Visa များကို ထပ်တိုး ဝန်ဆောင်မှု ပေးနေပါသည်။
အလုပ် ဗီဇာ အတွက် အသေးစိတ် သိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။
၁၇။ ဂျပန်သွားရောက်ရန် သင်တန်း အတန်းချိန် Online /Offline အတွက် အပ်နှံလိုပါက အောက်ပါ Link တွင် အပ်နှံနိုင်ပါပြီ။
၁၈။ ဂျပန်နိုင်ငံ ကျောင်းတက်ရောက်လိုပါက ဝန်ဆောင်မှု အကြောင်းသိချင်ပါတယ်။
ဂျပန်နိုင်ငံ ကျောင်းတက်ရောက်ရန် Passport အသစ်လျှောက်ထားခြင်း သက်တမ်းတိုးခြင်း၊ စာရွက်စာတမ်း ဘာသာပြန်ခြင်း၊ ကျောင်းရွေးချယ်ခြင်း၊ ဖောင်ဖြည့်ခြင်း၊ Interview ခြင်း၊ လျှောက်ထားခြင်း၊ COE ရရှိသောအခါ ကျောင်းလခ သွင်းခြင်း၊ သံရုံးဝင်ခြင်း၊ လေယာဉ်လက်မှတ် ဝယ်ယူခြင်း၊ အဆောင်ငှားပေးခြင်း၊ လေဆိပ် ကြိုပို့ပေးခြင်း၊ ရပ်ကွက်ရုံးတွင် စာရင်းသွင်းပေးခြင်း၊ အချိန်ပိုင်းအလုပ် မိတ်ဆက်ပေးခြင်း၊ ဖုန်းလုပ်ပေးခြင်း၊ ဘဏ်စာအုပ်လုပ်ပေးခြင်း၊ ကျောင်းသို့ လိုက်ပို့ပေးခြင်း၊ ရထားလက်မှတ် ဝယ်နည်း၊ ငွေဖြည်နည်း၊ လိုအပ်သည်များ ဝယ်ရန် Shopping Day ၊ ရောက်သ်နေ့တွင် Kamakura ဘုရားကြီးအား သွားရောက်ဖူးမျှော်ခြင်း များကို ပို့ဆောင်ပေးပါသည်။
၂၀။ Agent Fee ဘယ်လောက်ပေးရပါသလဲ။
Agent ခ မပေးရပါ။ စစလျှောက်ထားချိန် တွင် စာရွက်စာတမ်းကြေး၊ ကုန်ကျစရိတ် သာ ရှိပါမည်။ COE ရရှိသောအခါ ကျောင်းလခ၊ အဆောင်ခ၊ လေယာဉ်လက်မှတ် စတဲ့ အခများကို ယန်းပေါက်စျေး အတိုင်း မြန်မာငွေဖြင့် ပေးသွင်းရပါမည်။
Study and Work in Japan [ JETRO ]
Scholarship for International Students