အရေးအဖွဲ့ ဆန်းသစ်မှုနှင့် ခံစားမှုအားကောင်းကောင်း ရေးဖွဲ့တတ်သူ၊ မြန်မာစာပေ၏ ရှားရှားပါးပါး ရသလက်ရာများ ဖန်တီးသူ ဆရာမကြီး ကြည်အေး၏ ရေးခဲ့သမျှ ဝတ္ထုတိုများအားလုံးနှင့် ဘာသာပြန်လက်ရာ တို့ကိုပါ စုစည်းထုတ်ဝေထားသည့် စာအုပ်ဖြစ်ပါသည်။
ယ်လွန်သူ စာရေးဆရာမကြီး ကြည်အေး၏ ဘဝတစ်သက်တာ ရေးခဲ့သမျှ ပင်ကိုရေး ဝတ္ထုတိုအားလုံးနီးပါးဖြစ်သည့် ပုဒ်ရေ ၁၀ဝ တိတိ အပြင် ဘာသာပြန်လက်ရာ ဝတ္ထုလေးပုဒ်လည်း ပါဝင်သော ဝတ္ထုတိုပေါင်းချုပ်ကို ပြန်လည်ရိုက်နှိပ် ထုတ်ဝေခြင်းဖြစ်သည်။ မြန်မာ စာပေနယ်တွင် အရေးအသားအရရော၊ အတွေးအခေါ်အရပါ ထူးခြား ပြောင်မြောက်ပြီး ခံစားချက်ကို နက်နက်ရှိုင်းရှိုင်း ထိတွေ့ပေးနိုင်သော စာရေးဆရာမဖြစ်သူ၏ အထင်ကရ လက်ရာမွန်များ စာအုပ်ဖြစ်ပါသည်။






