ဂျပန်နိုင်ငံသို့ဝင်ရောက်လာသော နိုင်ငံခြားသားများအတွက်~ဂျပန်နိုင်ငံသို့ ပြောင်းရွေ့ဝင်ရောက်လာသူအသစ်များအတွက် လမ်းညွှန်စာမျက်နှာ~
အောက်ဖော်ပြပါ အကြောင်းအရာများသည် Homepage ကို မကြည့်ခင် မြင်သာစေရန် အရင်ဆုံး သိသင့်သည်များကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။အသေးစိတ်လေ့လာလိုပါက ( Immigration Service Agency of Japan ) ၏ homepage တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
- အကြံပြုချက်များ
- ဌာနအကြောင်း
- တရားဝင်ထုတ်ပြန်ချက်များ
- လုပ်ထုံးလုပ်နည်းများ
- နေထိုင်မှုထောက်ပံ့ရေး
- တိုင်ပင်မေးမြန်းရန်
- စည်းမျဥ်းဥပဒေများ
- မူဝါဒ နှင့် စာရင်းအင်းများ
ဤစာမျက်နှာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးဌာနမှ ဂျပန်နိုင်ငံသို့ အသစ်ဝင်ရောက်လာသောနိုင်ငံခြားသားများအား သိထားစေလိုသောအရာများကို လမ်းညွှန်ထားပါသည်။
ဂျပန်နိုင်ငံသို့ဝင်ရောက်ချိန်၌ ဖြန့်ဝေပေးသည့် စာရွက်စာတမ်းများကို ဤနေရာတွင် (PDF) ရယူနိုင်ပါသည်။
Covid-19 ကူးစက်ရောဂါသက်ရောက်မှုကို ခံထားရသည့် နိုင်ငံခြားသားများ၏ ပြည်ဝင်ပြည်ထွက်ခြင်း၊ နေထိုင်မှုစသည့်အစီအမံနှင့်ပတ်သက်၍ Covid-19 ကူးစက်မှုဆိုင်ရာသတင်းအချက်အလက်များတွင် ကြည့်ရှုပါ။
လူဝင်မှုကြီးကြပ်ရေးဌာနမှ အီးမေးလ်ဖြင့် အသုံးဝင်သောအချက်အလက်များကို ပေးပို့လျက်ရှိသည်!
- နေထိုင်ခွင့်သက်တမ်းကုန်ဆုံးသည့်ရက်ကို စစ်ဆေးပါ။
- ဂျပန်နိုင်ငံ၏ဥပဒေကို လိုက်နာပါ။
- အလုပ်အကိုင်အခြေအနေကို စစ်ဆေးပါ။
- အလယ်အလတ်ကာလနှင့် ကာလရှည်နေထိုင်သူများ အကြောင်းကြားရန် မမေ့လျော့ပါနှင့်။
- အခက်အခဲဖြစ်ချိန်တွင် ဆက်သွယ်ရန်
- ကိုးကားလင့်များ

နေထိုင်ခွင့်သက်တမ်းကုန်ဆုံးသည့်ရက်ကို စစ်ဆေးပါ။
ဆိုက်ရောက်ချိန်တွင် ခွင့်ပြုထားသောနေထိုင်ခွင့်ဗီဇာအလိုက် နေထိုင်ခွင့်ကာလကိုလည်း သတ်မှတ်ထားသည်။ အဆိုပါနေထိုင်ခွင့်ကာလကုန်ဆုံးသည့်ရက်မှာ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးသည့်ရက်ဖြစ်သည်။
နေထိုင်ခွင့်ကာလနှင့် နေထိုင်ခွင့်သက်တမ်းကုန်ဆုံးသည့်ရက် (နေထိုင်ခွင့်ကာလကုန်ဆုံးရက်) ကိုနိုင်ငံကူးလက်မှတ်တွင်ကပ်ထားသောတံဆိပ်တုံးစီးလ် သို့မဟုတ် နေထိုင်ခွင့်ကတ်တွင် စစ်ဆေးနိုင်သည်။
မူလနေထိုင်ခွင့်သက်တမ်းကုန်ဆုံးသည့်ရက်ကို ကျော်လွန်ပြီး ဂျပန်နိုင်ငံတွင် နေထိုင်လိုသည့်အခါ သက်တမ်းကုန်ဆုံးသည့်ရက် မတိုင်မီ လုပ်ထုံးလုပ်နည်းကို သေချာစွာလုပ်ဆောင်ပါ။
ဂျပန်နိုင်ငံတွင် လုပ်ဆောင်မည့်အကြောင်းအရာမပြောင်းလဲဘဲ နေထိုင်ခွင့်ကာလကို ကျော်လွန်ပြီး ဂျပန်နိုင်ငံတွင် နေထိုင်လိုသည့်အခါ နေထိုင်ခွင့်ကာလသက်တမ်းတိုးခွင့် ရရှိရန် လိုအပ်သည်။
ဂျပန်နိုင်ငံတွင် လုပ်ဆောင်မည့်အကြောင်းအရာ ပြောင်းလဲ၍ ဂျပန်နိုင်ငံတွင် နေထိုင်လိုသည့်အခါ နေထိုင်ခွင့်ဗီဇာပြောင်းလဲခွင့် ရရှိရန် လိုအပ်သည်။
နေထိုင်ခွင့်ကာလသက်တမ်းတိုးခွင့်လျှောက်လွှာနှင့် နေထိုင်ခွင့်ဗီဇာပြောင်းလဲခွင့်လျှောက်လွှာသည် လိုအပ်ချက်များနှင့်ပြည့်စုံပါက အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်သည်။
အသေးစိတ်ကို နေထိုင်ခွင့်လျှောက်လွှာ အွန်လိုင်းလုပ်ထုံးလုပ်နည်းစာမျက်နှာတွင် ကြည့်ရှုပါ။
[EN]

ဂျပန်နိုင်ငံ၏ဥပဒေကို လိုက်နာပါ။
ပြစ်မှုဆိုင်ရာလှုပ်ရှားမှု (ခိုးယူခြင်း၊ အနာတရဖြစ်စေမှု၊ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သောအရာများ) ကြောင့် ပြစ်ဒဏ်ချမှတ်ခံရပါက ပြည်နှင်ဒဏ်ပေးခြင်း (နေရပ်ပြန်ပို့ခြင်း) ခံရနိုင်ပါသည်။
အလုပ်အကိုင်အခြေအနေကို စစ်ဆေးပါ။
နေထိုင်ခွင့်ကတ်ရှိခြင်းသည် အလုပ်လုပ်နိုင်သည်ဟု မဆိုလိုပါ။
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် အလုပ်လုပ်ခွင့်ရှိသည့်နေထိုင်ခွင့်ဗီဇာကို ရယူထားရန် သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့်ဗီဇာ ခွင့်ပြုချက် [EN]ကို ရယူထားရန် လိုအပ်သည်။
အသေးစိတ်ကို အနီးဆုံး ဒေသဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးဌာန သို့မဟုတ် နိုင်ငံခြားသားနေထိုင်မှုအထွေထွေ သတင်းအချက်အလက်စင်တာသို့ ဆက်သွယ်စုံစမ်းမေးမြန်းပါ။

အချိန်ပိုင်းအလုပ်နှင့်ပတ်သက်၍ (ပညာတော်သင်ကျောင်းသား၊ မိသားစုဗီဇာဖြင့်နေထိုင်သောပုဂ္ဂိုလ်)
ပညာတော်သင်ကျောင်းသားနှင့် မိသားစုဗီဇာဖြင့်နေထိုင်သောပုဂ္ဂိုလ်သည် အချိန်ပိုင်းအလုပ်လုပ်မည့်အခါ အလုပ်လုပ်ကိုင်ခွင့်ဗီဇာ ခွင့်ပြုချက် [EN] ရယူရန် လိုအပ်သည်။
ပုံမှန်အားဖြင့် အလုပ်လုပ်ကိုင်ခွင့်ဗီဇာ ခွင့်ပြုချက် အထွေထွေခွင့်ပြုချက်ကို ရယူရမည်ဖြစ်သော်လည်း အဆိုပါခွင့်ပြုချက်ဖြင့် တစ်ပတ်လျှင် 28 နာရီအတွင်းသာ အလုပ်လုပ်နိုင်သည်။
※ ပညာတော်သင်ကျောင်းသားများသည် ကျောင်းစည်းမျဉ်းအရ သတ်မှတ်ထားသော အားလပ်ရက်ကာလ (နွေရာသီအားလပ်ရက်စသည်) တွင် တစ်ရက်လျှင် 8 နာရီအထိ အလုပ်လုပ်နိုင်သည်။
ခွင့်ပြုချက်အတိုင်းအတာကို ကျော်လွန်၍ အလုပ်လုပ်ကိုင်ပါက နေထိုင်ခွင့်ကာလသက်တမ်း မတိုးနိုင်သည့်အခါမျိုး ရှိပါသည်။ သတိပြုပါ။
အလယ်အလတ်ကာလနှင့် ကာလရှည်နေထိုင်သူများ အကြောင်းကြားရန် မမေ့လျော့ပါနှင့်။
နေထိုင်ရာဒေသကို အကြောင်းကြားခြင်း
ဂျပန်နိုင်ငံသို့ဝင်ရောက်ပြီး အလယ်အလတ်ကာလနှင့် ကာလရှည်နေထိုင်သူအသစ်ဖြစ်လာသောပုဂ္ဂိုလ်များသည် နေထိုင်ရာဒေသကိုသတ်မှတ်ပြီးသည့်နေ့မှ 14 ရက်အတွင်း နေထိုင်ခွင့်ကတ် (မှတ်ချက်) ကို ယူဆောင်လာ၍ နေထိုင်ရာဒေသ၏ မြို့၊ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာရှိ ကောင်တာတွင် နေထိုင်ရာဒေသအကြောင်းကြားခြင်းကို လုပ်ဆောင်ပါ။
(မှတ်ချက်) နိုင်ငံကူးလက်မှတ်တွင် “နေထိုင်ခွင့်ကတ်ကို နောက်ရက်တွင် ထုတ်ပေးမည်” ဟု ဖော်ပြခံရသောပုဂ္ဂိုလ်သည် အဆိုပါနိုင်ငံကူးလက်မှတ်ကို ယူဆောင်လာပြီး လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ပါ။
ဤအကြောင်းကြားခြင်းကို အခြေခံအားဖြင့် ကာယကံရှင်မှ လုပ်ဆောင်ရမည်ဖြစ်သော်လည်း အတူနေမိသားစုနှင့် ကာယကံရှင်ထံမှ တောင်းဆိုမှုကို လက်ခံရရှိသည့်ပုဂ္ဂိုလ်သည် ကိုယ်စားလုပ်ဆောင်ပေးနိုင်သည်။
အသေးစိတ်ကို အနီးဆုံး မြို့၊ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာရှိ ကောင်တာသို့ ဆက်သွယ်စုံစမ်းမေးမြန်းပါ။
- “အသေးစိတ်ကို ဤနေရာတွင် ကြည့်ရှုပါ” ဂျပန်နိုင်ငံသို့ အသစ်ဝင်ရောက်လာချိန်တွင် ဆိုက်ရောက်မှုအသစ်ပြုလုပ်ပြီးနောက် နေထိုင်ရာဒေသအကြောင်းကြားခြင်း (အလယ်အလတ်ကာလနှင့် ကာလရှည်နေထိုင်သူ)
- “အသေးစိတ်ကို ဤနေရာတွင် ကြည့်ရှုပါ” အိမ်ပြောင်းထားသောအခါ၊ နေထိုင်ရာဒေသပြောင်းလဲမှုကို အကြောင်းကြားခြင်း (အလယ်အလတ်ကာလနှင့် ကာလရှည်နေထိုင်သူ)
ကိုယ်ပိုင်နံပါတ်ကတ်နှင့်ပတ်သက်၍
မြို့၊ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာ၏ ကောင်တာသို့ အကြောင်းကြားပြီးနောက် ကိုယ်ပိုင်နံပါတ်ကတ်ထုတ်ပေးရန် လျှောက်ထားနိုင်ပါသည်။ လက်ပ်တော့၊ စမတ်ဖုန်း၊ စာတိုက်မှတစ်ဆင့်လည်း လျှောက်ထားနိုင်သည်။ ကိုယ်ပိုင်နံပါတ်ကတ်ကို မိမိမှာ မြို့၊ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်းကို သက်သေခံသည့် သက်သေခံကတ်အနေဖြင့် လူမှုဖူလုံရေး၊ အခွန်လုပ်ထုံးလုပ်နည်း၊ ကလေးပြုစုစောင့်ရှောက်ခြင်းမှ အစပြု၍ အမျိုးမျိုးသောအုပ်ချုပ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို အွန်လိုင်းမှလျှောက်ထားချိန်တို့တွင် အသုံးပြုနိုင်သည်။
အသေးစိတ်ကို Call center (0120-0178-27) သို့ ဆက်သွယ်စုံစမ်းမေးမြန်းပါ။ (အင်္ဂလိပ်ဘာသာစကား၊ တရုတ်ဘာသာစကား၊ ကိုရီးယားဘာသာစကား၊ စပိန်ဘာသာစကား၊ ပေါ်တူဂီဘာသာစကားဖြင့် ဝန်ဆောင်မှုရရှိနိုင်သည်)
တွဲဖက်အဖွဲ့အစည်းများနှင့်ပတ်သက်သောအကြောင်းကြားချက်
အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် ပညာတော်သင်ခြင်း နေထိုင်ခွင့်ဗီဇာဖြင့် နေထိုင်နေသောပုဂ္ဂိုလ်သည် တွဲဖက်အဖွဲ့အစည်း (အလုပ်နေရာ၊ ပညာတော်သင်ကျောင်းစသည်) ၏ အမည်ပြောင်းလဲခြင်း၊ နေရပ်လိပ်စာပြောင်းလဲခြင်း၊ ပျောက်ကွယ်ခြင်း (ဒေဝါလီခံခြင်းစသည်) တို့ဖြစ်ပွားသောအခါနှင့် တွဲဖက်အဖွဲ့အစည်းမှ နှုတ်ထွက်ခြင်း၊ စာချုပ်ကုန်ဆုံးခြင်း (အလုပ်ထွက်ခြင်း၊ ကျောင်းပြီးခြင်း၊ ကျောင်းနားခြင်းစသည်) တို့ကြောင့် အခြားတွဲဖက်အဖွဲ့အစည်းသို့ ရွေ့ပြောင်းခြင်း၊ စာချုပ်အသစ်ချုပ်ဆိုခြင်း (ကုမ္ပဏီသို့အလုပ်ဝင်ရောက်ခြင်း၊ ကျောင်းတက်ရောက်ခြင်းစသည်) ကို ပြုလုပ်ပါက တွဲဖက်အဖွဲ့အစည်းများနှင့်ပတ်သက်သောအကြောင်းကြားချက် ကို လုပ်ဆောင်ရန် လိုအပ်သည်။
မိသားစုဗီဇာနှင့် ဂျပန်လူမျိုး၏ အိမ်ထောင်ဖက်၊ အမြဲတမ်းနေထိုင်သူ၏ အိမ်ထောင်ဖက်အနေဖြင့် ဂျပန်နိုင်ငံတွင် နေထိုင်နေသောပုဂ္ဂိုလ်သည် အိမ်ထောင်ဖက်နှင့် ကွာရှင်းခြင်း သို့မဟုတ် သေဆုံးခြင်းရှိခဲ့ပါက အိမ်ထောင်ဖက်နှင့်ပတ်သက်၍ အကြောင်းကြားခြင်းကို လုပ်ဆောင်ရန် လိုအပ်သည်။
ထို့အပြင် ဤအကြောင်းကြားခြင်းလုပ်ထုံးလုပ်နည်းများကို အွန်လိုင်းမှတစ်ဆင့် လုပ်ဆောင်နိုင်သည်။
အသေးစိတ်ကို အီလက်ထရောနစ်စနစ်ဖြင့် အသိပေးခြင်းစနစ်ပေါ်တယ်ဆိုဒ်တွင် စစ်ဆေးအတည်ပြုပါ။

- လက်ပ်တော့နှင့် စမတ်ဖုန်းကို အသုံးပြု၍ အွန်လိုင်းမှ “အကြောင်းကြားခြင်း” နည်းစနစ် (PDF) (ဂျပန်ဘာသာစကား)
- “အကြောင်းကြားစာများကို ဤနေရာတွင် ရယူပါ” တွဲဖက် (လှုပ်ရှားမှု) အဖွဲ့အစည်းများနှင့်ပတ်သက်၍ အကြောင်းကြားခြင်း (ပါမောက္ခ၊ အဆင့်မြင့်အလုပ်အကိုင် အမှတ် 1 c၊ အဆင့်အမြင့်အလုပ်အကိုင် အမှတ် 2 (c)၊ စီးပွားစီမံ၊ ဥပဒေရေးရာနှင့် စာရင်းကိုင်လုပ်ငန်း၊ ဆေးပညာ၊ ပညာရေး၊ ရာထူးအပြောင်းအရွေ့၊ နည်းပညာသင်တန်း၊ ပညာတော်သင်ခြင်း၊ လေ့ကျင့်ရေး)
- “အကြောင်းကြားစာများကို ဤနေရာတွင် ရယူပါ” တွဲဖက် (စာချုပ်) အဖွဲ့အစည်းနှင့် ပတ်သက်၍ အကြောင်းကြားခြင်း (အဆင့်မြင့်အလုပ်အကိုင် အမှတ် 1 a သို့မဟုတ် b၊ အဆင့်မြင့်အလုပ်အကိုင် အမှတ် 2 ( a သို့မဟုတ် b) ၊ သုတေသန၊ နည်းပညာ၊ လူသားရေးရာနှင့် နိုင်ငံတကာရေးရာလုပ်ငန်း၊ ပြုစုစောင့်ရှောက်ရေး၊ ဖျော်ဖြေရေးလုပ်ငန်း၊ နည်းပညာ၊ အထူးကျွမ်းကျင်လုပ်သား)
- “အကြောင်းကြားစာများကို ဤနေရာတွင် ရယူပါ” အိမ်ထောင်ဖက်နှင့်ပတ်သက်၍ အကြောင်းကြားခြင်း
အခက်အခဲဖြစ်ချိန်တွင် ဆက်သွယ်ရန်
ဂျပန်နိုင်ငံတွင် နေထိုင်စဥ် မတရားသဖြင့် အလုပ်ထုတ်ခံရခြင်းစသည့် အခက်အခဲများရှိပါက တစ်ဦးတည်း စိတ်ညစ်မနေဘဲ အောက်ပါတိုင်ပင်မေးမြန်းနိုင်သည့်ကောင်တာတွင် ဆွေးနွေးတိုင်ပင်ပါ။
- “ဂျပန်နိုင်ငံသို့ ဝင်ရောက်ခြင်း၊ နေထိုင်ခြင်းလုပ်ထုံးလုပ်နည်းနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရန်၊ ဘာသာစကားများစွာဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်” နိုင်ငံခြားသားနေထိုင်မှုအထွေထွေ သတင်းအချက်အလက်စင်တာ (နိုင်ငံတစ်ဝှမ်း)
- “Covid-19 ကူးစက်ရောဂါကြောင့် ဒုက္ခရောက်နေသော နိုင်ငံခြားသားများအတွက် ဖုန်းဖြင့် တိုင်ပင်မေးမြန်းနိုင်သည့်ကောင်တာ” FRESC help desk
- “ဒေသဆိုင်ရာ ဒေသန္တရအစိုးရနှင့် ပူးပေါင်းထားသော အုပ်ချုပ်ရေးလုပ်ထုံးလုပ်နည်းများ တိုင်ပင်မေးမြန်းခြင်းနှင့် နေထိုင်မှုတိုင်ပင်မေးမြန်းခြင်း” ဒေသအတွင်း တိုင်ပင်မေးမြန်းနိုင်သည့်ကောင်တာစာရင်း (PDF) (ဂျပန်ဘာသာစကား)
ကိုးကားလင့်များ
နိုင်ငံခြားသားများအတွက် နေထိုင်မှုထောက်ပံ့ရေးပေါ်တယ်ဆိုဒ်
[JP]

နိုင်ငံခြားသားများအတွက် နေထိုင်မှုထောက်ပံ့ရေးပေါ်တယ်ဆိုဒ်တွင် နေထိုင်မှုနှင့် အလုပ်အကိုင်လမ်းညွှန်မှစ၍
နိုင်ငံခြားသားများ ဂျပန်နိုင်ငံတွင် နေထိုင်ရန် လိုအပ်သောအချက်အလက်များကို ဘာသာစကား 14 မျိုးဖြင့် ရရှိနိုင်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးဌာန အီးမေးလ်ပေးပို့ခြင်းဝန်ဆောင်မှု
[EN]

လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးဌာနမှ နိုင်ငံခြားသားများအတွက် အသုံးဝင်သောအချက်အလက်များကို အီးမေးလ်ဖြင့် ပေးပို့လျက်ရှိသည်။
အီးမေးလ်လိပ်စာသာ ပေးရန် လိုအပ်သည်။ သေချာပေါက် စာရင်းသွင်းပါ။
- “ပညာတော်သင်ကျောင်းသားများအတွက်” ကျောင်းသို့ အသစ်ဝင်ရောက်လာသော ပညာတော်သင်ကျောင်းသားများအတွက် အသိပေးချက် (PDF) (ဂျပန်ဘာသာစကား)
- “ပညာတော်သင်ကျောင်းသားများအတွက်” ကျောင်းသို့ အသစ်ဝင်ရောက်လာသော ပညာတော်သင်ကျောင်းသားများအတွက် အသိပေးချက် (လွယ်ကူရိုးရှင်းသောဂျပန်ဘာသာစကား) (PDF) (ဂျပန်ဘာသာစကား)
- “နည်းပညာသင်တန်းသားများအတွက်” နိုင်ငံခြားသား နည်းပညာသင်တန်းသားအဖွဲ့အစည်း (ဂျပန်ဘာသာစကား)
- “ခရီးသွားများအတွက်” နိုင်ငံခြားခရီးသွားအာမခံ ထည့်ဝင်ပါ။ (ခရီးသွားအေဂျင်စီ) (ဂျပန်ဘာသာစကား)
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍
ဂျပန်နိုင်ငံတွင် ဘေးကင်းစွာ နေထိုင်နိုင်ရန်အတွက် Covid-19 ကူးစက်မှုစီမံချက်လမ်းညွှန်ဝက်ဘ်ဆိုက်များစွာကို မိတ်ဆက်ပေးမည်ဖြစ်သောကြောင့် ကိုးကားကြည့်ရှုပါ။
- “လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးဌာန” Covid-19 ကူးစက်ရောဂါဆိုင်ရာသတင်းအချက်အလက်များ
- “ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး၀န်ကြီးဌာန” Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ (ဂျပန်ဘာသာစကား)
- “ဝန်ကြီးချုပ်ရုံး” Covid-19 ကူးစက်ရောဂါအတွက် ပြင်ဆင်ထားရှိမှု~တစ်ဦးချင်းစီလုပ်နိုင်သောအစီအမံများကို သိထားရအောင် (ဂျပန်ဘာသာစကား)
- “နိုင်ငံတကာဆက်ဆံရေးများအတွက် ဒေသခံအာဏာပိုင်များကောင်စီ (CLAIR) ယဥ်ကျေးမှုပေါင်းစုံအတူယှဥ်တွဲနေထိုင်ရေးပေါ်တယ်ဆိုဒ်” Covid-19 နှင့်ပတ်သက်၍ <လွယ်ကူရိုးရှင်းသောဂျပန်ဘာသာစကား> (ဂျပန်ဘာသာစကား)
- “နိုင်ငံတကာဆက်ဆံရေးများအတွက် ဒေသခံအာဏာပိုင်များကောင်စီ” ယဉ်ကျေးမှုပေါင်းစုံနေထိုင်မှုဆိုင်ရာတိုင်ပင်မေးမြန်းနိုင်သည့်ကောင်တာစာရင်း (ဂျပန်ဘာသာစကား)