ဂျပန်နိုင်ငံသို့ ကျောင်းတက်ရောက်ရန်၊ အလုပ်လုပ်ရန်၊ အလည်သွားရန်၊ ကျန်းမာရေးဆေးစစ်ရန် လျှောက်ထားရာတွင် ရန်ကုန်မြို့ ဂျပန်သံရုံး
လိပ်စာ- အမှတ် (၁၀၀) ၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
ဖုန်း- 01-549644~8
website: Embassy of Japan in Myanmar
သို့ သွားရောက်လျှောက်ထားရပါမည်။
သံရုံးဝင်ရောက်ချိန်လိုအပ်ချက် (ဂျပန်သံရုံး မြန်မာနိုင်ငံ)
Visa တင်ချိန်သည် မနက် ၉:ဝ၀ မှ နေ့လည် ၁၁:ဝ၀ အထိ ဖောင်တင်နိုင်ပါသည်။
အချိန်ကျော်ပါက လက်မခံပါ။ လျှောက်ထားပြီး (၄) ရက်သာကြာမြင့်ပါသည်။
သက်မှတ်ရက်ချိန်းအတိုင်းနေ့လည် ၂:ဝ၀ မှ ညနေ ၄:ဝ၀ အတွင်း ပြန်လည်ထုတ်ပေးပါသည်။
သံရုံးသို့ဝင်ရောက်ရန် မှတ်ပုံတင်၊ Passport ၊လိုအပ်ပါသည်။
ဖုန်းများကို ဂိတ် Locker တွင် ထည့်ခဲ့ရပါမည်။
တည့်တည့်သွား၍ တံခါးဖွင့် အပေါ်ထပ်သို့တက်ရပါသည်။
အလည် စားပွဲပေါ်တွင် visa Form ရှိပါသည်။ ထို Form ကို လိုအပ်ချက်အတိုင်းဖြည့်ပေးရပါသည်။ ကြိုတင်ဖြည့်သွားလိုပါက အောက်ပါတွင် Visa Form PDF Download လုပ်၍ ကြိုတင်ဖြည့်လို့ရပါတယ်။
ကပ်ပြားအတိုင်းတိုကင်ခေါ်မှသာ ကောင်တာ သို့သွားရောက်ရပါမည်။
Visa တင်သောအခါလိုအပ်ချက်
ကျောင်းသားဖြစ်ပါက
1. ဂျပန်ကျောင်းမှ ပို့ပေးသော COE နှင့် ကျောင်းလက်ခံစာရွက်၊
2. မိမိမှတ်ပုံတင် မူရင်း၊ မိတ္တူ ၂စုံ A 4 တွင် အပေါ်အောက်ကူးရမည်။
3. သန်းခေါင်စာရင်း မူရင်း ၊ မိတ္တူ ၂စုံ
4. နောက်ခံ အဖြူတွင် ၁ လက်မ ပတ်လည် ဓာတ်ပုံ (၂) ပုံ
5. Visa Form
6. Passport
အလုပ်လုပ်ရန်ဖြစ်ပါက
1. ဂျပန်ဘက်မှ ပို့ပေးသော COE နှင့် စာရွက်တမ််းများ၊
2. မိမိမှတ်ပုံတင် မူရင်း၊ မိတ္တူ ၂စုံ A 4 တွင် အပေါ်အောက်ကူးရမည်။
3. သန်းခေါင်စာရင်း မူရင်း ၊ မိတ္တူ ၂စုံ
4. နောက်ခံ အဖြူတွင် ၁ လက်မ ပတ်လည် ဓာတ်ပုံ (၂) ပုံ
5. Visa Form
6. Passport
အလည်အပတ် visa ဖြစ်ပါက
ဂျပန်ဘက်မှ
1. ခေါ်စာ၊
2. ခေါ်ယူသူ Bank Book copy၊ Bank Certificate
3. ခေါ်ယူသူ ရပ်ကွက်ထောက်ခံစာ၊
4. ခေါ်ယူသူ အခွန်ဆောင်ထားသော စာရွက်၊
5. ခေါ်ယူသူ ID Card Copy
6. ခေါ်ယူပြီး သွားရောက်လည်ပတ်မည့် အစီအစဉ်ဇယား၊
မြန်မာပြည်ဘက်မှ
7. လျှောက်ထားသူမှတ်ပုံတင် မူရင်း၊ မိတ္တူ ၂စုံ A 4 တွင် အပေါ်အောက်ကူးရမည်။
8. သန်းခေါင်စာရင်း မူရင်း ၊ မိတ္တူ ၂စုံ
9. နောက်ခံ အဖြူတွင် ၁ လက်မ ပတ်လည် ဓာတ်ပုံ (၂) ပုံ
10. Bank စာအုပ်၊ copy
11. Bank Statement
12. Bank Certificate
13. Visa Form
14. Passport
Multiple Visa
၃ခေါက်အလည်အပတ်သွားပြီးသူသည် Multiple Visa လျှောက်ထားနိုင်သည်။
အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ ဂျပန်သံရုံးwebsite: Embassy of Japan in Myanmar တွင် လေ့လာနိုင်ပါသည်။
ဂျပန်နိုင်ငံ-မြန်မာသံရုံး
website: Embassy of Myanmar in Japan
လိပ်စာ-Shinagawa-ku, 4-8-26 Kita-Shinagawa, 140-0001, Tokyo.
ဖုန်း-03-3441-9291, Fax: 03-3447-7394
email: contact@myanmar-embassy-tokyo.net
Bell နှိပ်ပါ။ အထဲမှ ပြန်မေးသည့် မည်သည့်ကိစ္စ ဖြင့်လာကြောင်းပြောပါ။ (မြန်မာလိုပြောလို့ရပါတယ်)
အထဲဝင်သည့်အခါ ဂိတ်တွင်ဖောင်ဖြည့်ပါ။ ထို့နောက် အထဲဝင်၍ ကောင်တာတွင်မေးမြန်းနိုင်ပါသည်။