About TMC

Tokyo Metropolitan College ဖြစ်ပေါ်လာပုံ

TMC ကျောင်းဟုမပေါ်ပေါက်ခင် Professional Studies Japanese Language School-PSJLS ကို ၂၀၁၃ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ဂျပန်ဘာသာစကား တစ်မျိုးတည်းကို အခြေခံမှ အဆင့်မြင့် အထိ စနစ်တကျသင်ကြားပေးခဲ့ပါသည်။ အောင်မြင်သူများကို ဂျပန် နိုင်ငံ Tokyo, Osaka, Kyoto, Shizuoka, Fukuoka, Nagoya မြို့များရှိ Language Schoolများသို့ ပညာတော်သင်ကျောင်းသားများစေလွှတ်ပေးခဲ့သည်မှာ ကျောင်းသားစုစုပေါင်း ၃၂၄ ယောက်စေလွှတ်ပေးနိုင်ခဲ့သည်။ 2013 ခုနှစ်မှ 2018 အထိ COE ရရှိသူ 100% ဆက်တိုက်ရရှိပြီး နာမည်ကောင်းရရှိထားသော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။
Tokyo မြို့ရှိချိတ်ဆက်ထားသောကျောင်းများမှာ 1) IECC , 2) Unitas, 3) Samu , 4) Human 5) JEC College 6) Shinjuku Heiwa 7) ARC နှင့် အခြားမြို့ရှိကျောင်းများပါဝင်ပါသည်။

Job in Japan အနေဖြင့် IT Company ၊ Engineering Company များနှင့် ချိတ်ထားပြီး ဘွဲ့ရ B.E ( Civil, MP, EP, EC ,Architectural, IT) များကို ဂျပန်နိုင်ငံ မြို့အနှံ့အပြားရှိ company များဖြင့်ချိတ်ဆက်ပြီးစေလွှတ်ခဲ့ပါသည်။

ဂျပန်ကျောင်းလျှောက်ထားရာတွင် အခက်အခဲမရှိသော်လည်း အလုပ်လျှောက်ရာတွင် လိုအပ်ချက်များပြားလာပြီး ပြည့်စုံစေရန် အချိန်၊ ငွေကုန်ကျစရိတ် သက်သာပြီး ဘွဲ့ရရှိသည်နှင့် တိုက်ရိုက်အလုပ်ချိတ်ဆက်ပေးထားခြင်းကြောင့် 95% အလုပ်ရရှိရန် သေချာသောကျောင်းဖြစ်ပါသည်။
One Stop Service ဇြင့် ဆယ်တန်းအောင်မြင်ပြီး အမှတ်နည်းသော ကျောင်းသူကျောင်းသားများ လမ်းပျောက်မသွားဘဲ TMC တွင် ဆယ်တန်းအောင်မြင်ရုံဖြင့်တက်ရောက်နိုင်ပြီး မိမိ၀ါသနာပါသော Civil အင်ဂျင်နီယာ၊ အိုင်တီပညာရှင်၊ ဘာသာပြန်၊ စကားပြန် ဖြစ်လိုသူများအတွက် (အထူးပြု ဂျပန်ဘာသာရပ်) များကို Undergraduate Program , နိုိုင်တကာတွင် ဆက်လက်ပညာသင်ကြားနိုင်သော Exchange Program ၊ အမေရိကန် College abroad အသိအမှတ်ပြု AP Program, English Language ကို Cambridge Assessment အသိအမှတ်ပြု IELTS Exam ၊ ဂျပန်နိုင်ငံ အသိအမှတ်ပြု ဂျပန်ဘာသာစကားကျွမ်းကျင်စာမေးပွဲ JLPT Exam၊ အမေရိကန် NCEES အသိအမှတ်ပြု အင်ဂျင်နီယာ လိုင်စင်စာမေးပွဲ၊ ဂျပန်နိုင်ငံအသိအမှတ်ပြု အိုင်တီပညာရှင် လိုင်စင်စာမေးပွဲ များအတွက် သင်ကြားပေးပြီး တနေရာတည်းတွင် အပြည့်အစုံသင်ကြားပေးပြီး သင်ရိုးညွှန်းတမ်းများကို Japan နှင့် အမေရိကန် ရှိ university သင်ရိုးညွှန်းတမ်းအတိုင်းသင်ကြားပေးထားသောကြောင့် ပြီးပြည့်စုံ သည့် ပညာရှင်များထွက်ပေါ်လာစေရန် ရည်ရွယ်ပြီး Tokyo Metropolitan College ကို ၂၀၁၈ ခုနှစ်တွင်တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။